ဇော်ဝင်းထွဋ် - မိုးထဲ (new ablum)

အထီးကျန်
အဆွေးများနဲ့ ရင်ဘတ်
မာယာ တစ်သိန်း
မင်းလိုက်ရဲပါစေ
ချစ်ခွင့်
ပျက်စီးသွားသော အိမ်မက် အပိုင်းအစများ
တစ္ဆေခြောက်တဲ့ည
ကျေးဇူးနေခြည်
ဝိုင်ချိုချို အချစ်ခါးခါး
မိုးထဲ
သန်ခေါင်းယံ နတ်သမီး


သီချင်းအသစ်တွေပါ.. ဒေါင်းချင်ရင် double clickသာခေါက်လိုက်.. :)

11-November-2009


11-November-2009
11-November-2009
11-November-2009
11-Novmeber-2009
11-November-2009

သူငယ်ချင်း


“ငါကစစ်ဗိုလ်မကြီးလုပ်မယ်.. နင်တို့တွေလူဆိုးလုပ်.. သေနတ်နဲ့ပစ်သတ်မယ်. ဒိုင်းညှောင့်.. ဒိုင်းညှောင့်” ဆိုပြီးငယ်ငယ်တုန်းက အတူပြေးလွှား ဆော့ကစားခဲ့ဘူးတဲ့ အနိုင်ကျင့်လို့ကောင်းခဲ့တဲ့ ငယ်သူငယ်ချင်းတချို့ကို သွားသတိရမိပါတယ်..
ကလေးတစ်ယောက်အနေနဲ့တုန်းကတော့ သူငယ်ချင်းဆိုတာ ဆော့ကစားတဲ့နေရာမှာ အဖော်ပြုတဲ့သူ.. ရန်ဖြစ်ဖို့အတွက် အထောက်အကူပြုပေးသူ၊ စိတ်ကောက်ဖို့အတွက် အမှီသဟဲပြုပေးသူလို့ပဲ သိခဲ့တယ်..

မူလတန်းကျောင်းသူဘ၀တုန်းက ထိုင်ခုံနေရာလုရင်း ခုံပေါ်ကပြုတ်ကျအောင် တွန်းချခဲ့ဘူးသူတွေ.. အလယ်တန်းကျောင်းသူဘ၀တုန်းက ဆံပင်နောက်မြီး (ကြွက်မြီး) အရှည်တွေ အပြိုင်ထားခဲ့သူတွေ(တစ်နေ့တစ်နေ့ စင်တီမီတာပေတံနဲ့တိုင်းပြီး ဆံပင်အရှည်ချင်းပြိုင်ရတာလည်းအမော.. တခါတလေဆို ငြင်းခုန်ရင်း ခဲတံတွေနဲ့ထထိုးကြတဲ့အထိတောင် ရန်ဖြစ်ခဲ့ဘူးတာ) ဟိုးတလောက သူတို့တွေနဲ့ ရန်ကုန်မှာ ပြန်တွေ့ကြပြန်တော့ ငါတို့ငယ်သူငယ်ချင်းတွေမဆုံတာကြာပေါ့လို့ ပြောရင်းရယ်ပြုံးနူတ်ဆက်မိကြပြန်ရော..

အခုအသက်ကလေးနည်းနည်းရလာတော့ သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို အပြည့်မ၀မဟုတ်တောင် အတော်အတန်လေး နားလည်မိလာပြီလို့ ယူဆမိတယ်.. ကိုးကွယ်တဲ့ဘာသာချင်းမတူတာပဲဖြစ်ဖြစ်၊ မွေးဖွားရာနိုင်ငံချင်းမတူလို့ လူမျိုးချင်းမတူတာပဲဖြစ်ဖြစ်၊ အသက်အရွယ်တအားကြီးကွာခြားနေတာပဲဖြစ်ဖြစ်၊ မမြင်ဘူး မတွေ့ဘူးပေမယ့် အွန်လိုင်းကနေတဆင့် တကယ်ခင်မင်မူရပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မူရှိမယ်၊ တယောက်ခံစားချက်ကို တယောက်ကမျှဝေပြီး နားထောင်ပေးမယ်၊ စိတ်ညစ်တဲ့အကြောင်းရာပဲဖြစ်ဖြစ်၊ ပျော်ရွှင်တဲ့အကြောင်းရာပဲဖြစ်ဖြစ် မျှဝေခံစားပေးပြီး အကြံဥာဏ်ကောင်းတွေ ပေးနိုင်တဲ့သူမျိုး၊ ဘာအရောင်မှမပါတဲ့ သံယောဇဉ်အဖြူသက်သက်နဲ့ ပတ်သတ်တဲ့လူတိုင်းကို ကျွန်မရဲ့သူငယ်ချင်းအဖြစ်သတ်မှတ်ပါတယ်..

ဘာရယ်မဟုတ်..စာမရေးဖြစ်တာလဲကြာလို့… စိတ်ထဲမှာ ရှိတာလေးတချို့ချရေးမိတာပါ..

(သယ်ရင်းဝေဂျီးရေ.. အိုကေတယ်ဟုတ်.. နင်စိတ်ကောင်းရှိကြောင်း၊ ချောကြောင်းလှကြောင်း၊ ဘော်ဒီကြီးကြောင်းတွေ ထည့်မရေးလို့ ငါ့ကို စိတ်မဆိုးနဲ့နော်.. :D)

One moment listen please

The Moment you are in Tension
You will lose your
Attention
Then you are in total
Confusion
And you will feel
Irritation
Then you will spoil personal
Relation
Ultimately, you won’t get Co – O
peration
Then you will make things
Complication
Then your blood pressure may raise
Caution
And you may have to take
Medication
Instead, understand the
Situation
And try to think about the
Solution
Many problems will be solved by
Discussion
This will work out better in your Profession
Don’t think it’s my free
Suggestion
It’s only for your
Prevention
If you understand my
Intention
You will never come again to
Tension

Bill Gates

ခံစားမူ

တစ်ကယ်လို့ ကိုယ်က အေဘီစီဒီဆိုတဲ့ စာလုံးတွေလောက်ပဲသိပြီး အဲဒီစာလုံးတွေပေါင်းထားတဲ့ စကားလုံးတွေရဲ့အဓိပါယ်ကိုနားမလည်တဲ့သူ ဆိုပါစို့..ကိုယ်ဘယ်လိုမှနားမလည်တဲ့စာတစ်စောင်ကို လူတယောက်ကရေးပြီး ကိုယ့်ကိုအတင်းလက်မှတ်ထိုးခိုင်းမယ်ဆိုရင်
သင်ဘယ်လိုနေမလဲ.. နားမလည်တဲ့အတွက် လက်မှတ်မထိုးနိုင်ပါဘူးလို့ပဲ ငြင်းမှာသေချာပါတယ်...
မှန်နေတာပဲလေ... ဘာတွေရေးထားလဲ.. ဘာတွေချုပ်ကိုင်ထားမလဲ သိမှမသိတာ...
ကိုယ်ကနားမလည်လို့ မထိုးနိုင်ပါဘူးလို့ အတင်းငြင်း.. တစ်ဖက်ကလဲ လက်မှတ်မထိုးရကောင်းလားဆိုပြီး စိတ်တွေတို..
စားပွဲခုံကို တဒုန်းဒုန်းနဲ့ထုပြီး .. အခုထိုးရမယ်လို့ပြော... နားမလည်လို့ လက်မှတ်မထိုးရဲတဲ့သူကငို..
အင်း.. အဲလိုဆိုရင်တော့ ဒုက္ခနော်...
28-Sept-2009 ညက ကျွန်မနဲ့ဗီယက်နမ် အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်ရပ်ပါ..
ကျွန်မတို့ boss ရဲ့ house maid ဖြစ်တဲ့သူက စာချုပ်နှစ်မပြည့်ခင်ပြန်ချင်ပါတယ်..
ပြန်ဖို့လဲအားလုံးစီစဉ်ပြီးပါပီ.. မပြန်ခင်ည ကျွန်မတို့အိမ်မှာ လိုက်အိပ်တယ်.. မနက် ၄နာရီအရောက်လေယာဉ်ကွင်းထွက်ရမှာမို့ပါ..
အဲဒါကို ကျွန်မက boss's instruction အတိုင်း စာတစ်စောင်ရေးပါတယ်..
ပြီးတော့ သူ့ကို လက်မှတ်ထိုးခိုင်းတယ်.. အဲဒီမှာကွိုင်စတက်တာပါ..
ကျွန်မက ဗီယက်နမ်လို တစ်လုံးမှမတတ်သလို..သူကလဲ မြန်မာစကားမတတ်ပါဘူး..မလေးစကားလဲမတတ်ဘူး..
တကယ်တမ်းစာထဲမှာရေးထားတာက စာချုပ်မပြည့်ခင်ပြန်ချင်တဲ့အကြောင်းရယ်..လစာပေးပြီးပြီဆိုတဲ့အကြောင်းရယ်..
သူ့ရဲ့ work permit ကိုcancel လုပ်ပြီးပြီ.. ပြန်မလာတော့ဘူးဆိုတဲ့အကြောင်းရယ်.. ဒါပါပဲ..
ကျွန်မလဲတတ်သလောက် မှတ်သလောက် တရုတ်စကားလေးနဲ့ သူ့ကိုရှင်းပြပါတယ်.ဘာတွေရေးထားတယ်ဆိုတာကိုပေါ့..
သူကတရုတ်လိုနားလည်တယ်လေ
သူသိပြီးသားအချက်တွေပဲ.. ဒါကိုသူက ခေါင်းကိုတွင်တွင်ခါပြီးငြင်းတယ်..
ကျွန်မကလဲ နဂိုတည်းက စိတ်မကြည်မလင်နဲ့ စိတ်ရှည်တဲ့သူဆိုတော့ စားပွဲကိုထုမိပါရော..
သူကလန့်ပြီးငို.. ကျွန်မလဲစိတ်တွေတို.. နောက်ဆုံးတော့ .. အဆင်ပြေသွားပါတယ်
ကျွန်မစိတ်လျော့ပြီး သူ့ကိုချော့မော့ပြောလိုက်ရတာ ည၂နာရီမှအိပ်ရတယ်.. စပြောတာက ည၁၁နာရီကတည်းကပါ..
ဘာပဲဖြစ်ဖြစ်အားလုံးအဆင်ပြေသွားတယ်ပေါ့..
သူလဲဝမ်းသာ..ကိုယ်လဲရွှင်ပြုံး... ပေါ့လေ
ကျွန်မလူတယောက်ကိုမျက်ရည်ကျအောင်လုပ်မိသလိုဖြစ်သွားတယ်
အဲဒီနေ့က ကျွန်မလုပ်ရပ်အတွက် စိတ်ထဲမကောင်းဖြစ်လို့. ကျွန်မစာမျက်နှာမှာ သိမ်းထားလိုက်တာပါ..

အမှတ်တရ

မယုံနိုင်ဘူး


ဘယ်သူမှမရှိဘူး.. ဒီအခန်းငယ်ထဲ ကြေကွဲစရာများပဲရှိတော့သလို
မင်းထားရစ်ခဲ့လို့..
ညတိုင်း ညတိုင်း အရင်အတိုင်းလိုပဲ ငါ့အနားမှာမင်းရှိတုန်းကလို
ငါအမြဲတမ်း တမ်းတမိလို့
သံယောဇဉ်မျက်နှာထောက်ပြီးတော့ နင်ပြန်ခဲ့တော့..
ငါမင်းကိုဘယ်လိုမှ အပြစ်မပြောဘူး
တစ်သက်လုံးငါခွင့်လွှတ်နိုင်တယ်..
မယုံနိုင်ဘူး.. နင်စွန့်ခွာသွားခဲ့တဲ့နေ့ကို
မယုံနိုင်ဘူး.. သံယောဇဉ်ဖြတ်ခဲ့တဲ့မင်းကို၊ အိပ်မက်တွေဖျက်ခဲ့တဲ့မင်းကို
မယုံနိုင်ဘူး.. ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို၊ ဒီအတိုင်းဇာတ်သိမ်းမလား
တစ်ယောက်တည်းငါ သေမိန့်ကျနေသလို…
ဘယ်တော့ငါ လောကကြီးထဲက နူတ်ဆက်သွားရမလဲ..
နင်နဲ့ငါရဲ့အကြောင်းတွေးမိတိုင်း.. ဒီမျက်ရည်ခနခနကျတတ်သလို…
လုံးဝမေ့မရဘူး…

(ဒီသီချင်းလေးကို ကိုး album စထွက်ကတည်းက သဘောကျမိတာပါ.. ဒါကြောင့်အမှတ်တရအနေနဲ့ သိမ်းထားလိုက်တယ်)

သူတို့လေးယောက်

အဘွားအိုတစ်ယောက်က ဇာ(သိုးမွေး)ထိုးနေတယ်…


ငယ်ရွယ်တဲ့မိန်းကလေးတယောက်က စာအုပ်ဖတ်နေတယ်..


ဆရာတစ်ယောက်က သူပြုစုထားတဲ့ စာတမ်းအကြောင်းကို အက်ကြောင်းအကြိမ်ကြိမ်ထပ်အောင် သူ့ဘေးကကျောင်းသားလေးကို ရှင်းပြနေတယ်ပေါ့..


ကျောင်းသားလေးကတော့ ဆရာပြောတာတွေနားထောင်ပြီး notes တွေလိုက်မှတ်နေပါတယ်..


သူတို့၎ယောက်က ရထားတွဲတစ်ခုရဲ့ မျက်နှာချင်းဆိုင်ခုံတန်းနှစ်ခုမှာစီးနင်းလိုက်ပါလာတာပါ..


ဒီလိုနဲ့ ရထားက မြေအောက်လိုဏ်ခေါင်းတခုကို ဖြတ်နေတဲ့အချိန်မှာ ရထားပေါ်ကမီးရောင်ကလဲ ရုတ်တရက်ခနငြိမ်းသွားပါတယ် ၁မိနစ်လောက်မရှိတရှိအချိန်လေးပါ..

ဘာမှမမြင်ရဘဲ မှောင်အတိကျသွားတယ်ပေါ့..


အဲဒီအချိန်လေးမှာပဲ ကျယ်လောင်တဲ့ kiss ပေးတဲ့အသံရဲ့ နောက်ဆက်တွဲမှာပဲ ဖြန်းခနဲ ပါးရိုက်သံတခုကို သူတို့ကြားလိုက်ရတယ်..


မီးပြန်လင်းလာတဲ့အချိန်မှာတော့ သူတို့၎ယောက်စလုံးက ပထမအတိုင်းပုံစံမပျက်ဘဲ ရှိနေကြပြန်တယ်..


ဒါပေမယ့် သူတို့အတွေးတွေက ဒီလိုရှိနေတယ်..


အဘွားအိုရဲ့အတွေးက.. "ကောင်လေးက မိန်းကလေးကို အမှောင်ထဲမှာ နမ်းလိုက်တာ ပါးရိုက်တာခံလိုက်ရတယ်.. .. ငါအသက်ကြီးနေတာကံကောင်းလို့ပေါ့" တဲ့


ဒီလိုပဲ ကောင်မလေးအထင်ကလဲ "ကောင်လေးငါ့ကိုနမ်းဖို့ကြိုးစားတာ အမှောင်ထဲမှာ အဘွားကြီးကို လူမှားပြီးနမ်းမိတာ ပါးရိုက်ခံလိုက်ရတယ်.. ရီစရာပဲ" ပေါ့


ဆရာကလဲစဉ်းစားတယ် .." ငါ့ကျောင်းသားက ကောင်မလေးကိုနမ်းလိုက်တာ ကောင်မလေးက လူမှားပြီး ငါ့ကိုပါးလာရိုက်တယ်.. ငါလဲမနမ်းလိုက်ရဘဲနဲ့ မတန်လိုက်တာပေါ့"


အဖြေမှန်ကိုသိနေတဲ့ ကျောင်းသားကောင်လေးကတော့ "အရသာရှိလိုက်တာ.. မှတ်ထား.. ငါ့ကိုတချိန်လုံးဆရာလုပ်ပြီး နားတွေပူထူအောင်အမြဲပြောတတ်တဲ့သူ" ဆိုပြီး စိတ်ထဲကနေကြိတ်ပြုံးနေလေရဲ့..

တကယ်တော့သူက အမှောင်ထဲမှာ သူ့ရဲ့လက်ခုံကို အသံမြည်အောင်နမ်းပြီး အဲဒီလက်နဲ့ပဲ ဆရာ့ပါးကို ဖြန်းကနဲနေအောင်ရိုက်ပစ်လိုက်တာသူပါ..